Sunday, October 09, 2011

စိတ်ကြီးတယ်

ကောလိပ်ကျောင်းတခုရဲ့ ကျောင်းဖွင့်စ ပထမဆုံးရက်မှာ ကောလိပ်ကျောင်းအုပ်ကြီးက
ကျောင်းသူကျောင်းသားတွေကို အမှာစကားပြောကြားနေပါတယ်။ ပြီးတော့ လိုက်နာရမယ့်
စည်းကမ်းတချို့ကိုဆက်ပြောပါတယ်...
"... ...အရေးကြီးတဲ့စည်းကမ်းတခုကတော့ကျောင်းသူတွေရဲ့အိပ်ဆောင်ဘက်ကို
ကျောင်းသားတွေ မလာရဘူး၊ ကျောင်းသားတွေရဲ့အိပ်ဆောင်ဘက်ကိုလည်း ကျောင်းသူတွေ
မလာရဘူး၊ ဖောက်ဖျက်တာကိုတွေ့ရင် ပထမအကြိမ် ဒဏ်ငွေ 10 ဒေါ်လာ၊ ဒုတိယအကြိမ်
တွေ့ရင် ဒေါ်လာ 30၊ တတိယအကြိမ်တွေ့ရင် ဒေါ်လာ 50 ဘဲ၊ ကဲ ဘာများ သိချင်တာရှိသေးလဲ"
ကျောင်းသူတွေဘက်က မေးခွန်းတစ်ခု မေးတယ်... ...
"တနှစ်လုံးစာအတွက်ဆိုရင် ဘယ်လောက်ကျမလဲ ဆရာကြီးရှင့်"....တဲ့


မိုနီကာလီဝင်းစတား

စိတ်ရောဂါ အထူးကုဆေးရုံကြီးတွင် ဖြစ်သည်။ ရောက်လာသော လူနာအသစ်က မိမိသည်
သမ္မတကလင်တန် ဖြစ်ကြောင်း ဆရာဝန်ကို ပြောသည်။ ဆရာဝန်ကြီးက ကျန်ဆရာဝန်များ ၏
သဘောထားကို တောင်းခံသည်။
“ဒီလူနာဟာ ကျွန်တော်တို့ ဆေးရုံမှာ ဒုတိယ ကလင်တန်ပဲ၊ ပထမ ကလင်တန်ရဲ့ အခန်းမှာ
သူတို့နှစ်ယောက်ကို အတူ ထားလိုက်ရင် မကောင်းဘူးလား၊ တစ်ယောက်ယောက် ကလင် တန်
အစွဲ ပျောက်သွားချင် ပျောက်သွား မယ်၊ ဘယ့်နဲ့လဲ”
“ကောင်းပါတယ် ခင်ဗျာ”
အားလုံး ထောက်ခံကြသည်။
နောက်တစ်နေ့ မနက် လူနာ၏ အခန်းများအား လိုက်လံ စစ်ဆေးသည့်အခါ ဆရာဝန်ကြီးက
‘ကလင်တန်’တို့၏ အခြေအနေကို မေးမြန်း စုံစမ်းသည်၊ ကလင်တန် တစ်ယောက်က ဖြေပါ သည်။
“ကျွန်တော်အခု သမ္မတ ကလင်တန် မဟုတ်တော့ဘူး ခင်ဗျ”
“ဝမ်းသာလိုက်တာ၊ ဒါနဲ့ အခု ခင်ဗျား ဘယ်သူလဲ”
“မိုနီကာလီဝမ်းစကီး”


တရုတ်ကြီး ဆွမ်းတော်ကပ်နည်း

တစ်ခါက မြို.တစ်မြို.မှာ
လင်မယားနှစ်ယောက်နေထိုင်ကြသတဲ့။
ယောက်ျားကတရုတ်။ မိန်းမက မြန်မာမ။
ယောက်ျားနာမည်က အတီး။ မိန်းမနာမည်က မိကြည်။

သူတို့နှစ်ယောက်လုံး ဗုဒ္ဓဘာသာဝင်တွေပါ။
နေ့စဉ်နံနက်တိုင်း ဆွမ်းတော်ကပ်လေ့ရှိကြတယ်။ ဆွမ်းတော်အမြဲကပ်လေ့ရှိတဲ့ သူကတော့
မိကြည်ပါ။
မိကြည်ကို အတီးက ချစ်စနိုးလေးနဲ့ အကြည်လို့ဘဲ ခေါ်တယ်။

မိကြည်တစ်ယောက် ဆွမ်းတော်ကပ်ပြီဆိုရင်
ဘုရားစင်ရှေ့ မှာ ထိုင်ပြီး အကြာကြီးရွတ်ဖတ်ပြီးမှ ဘုရားကို
ဆွမ်းတော်ကပ်လေ့ရှိတယ်။

“အရဟတာဒိ န၀ဂုဏေဟိ အရဟံအစရှိသော…………ဆွမ်းေ
တ်ာကို ကပ်လှူပါ၏ဘုရား။
ဤကောင်းမှုကြောင့်…. နိဗ္ဗာန်ကို ရရပါလို၏အရှင်ဘုရား”

အဲဒီဆွမ်းတော်ကပ်နည်းကို အတီးတစ်ယောက် အလွတ်မရရှာပါဘူး။ အဲဒါတွေက
မိန်းမအလုပ်လို့ဘဲ သူကထင်တယ်လေ။

တစ်နေ့မှာ မိကြည်တစ်ယောက် ကိစ္စရှိလို့ သူ့ရဲ့ မိဘအိမ်မှာ နှစ်ရက်
သုံးရက်လောက်သွားနေမယ်
၇ှင်ဆွမ်းတော် ကိုနေ.တိုင်းကပ်လှူပါ လို.မှာထားခဲ.သတဲ.
တရုတ်ကြီးက မိရိုးဖလာ ဗုဒ္ဓဘာသာပေါ.
တရုတ်ကြီးကလည်း ဆွမ်းတော်ကပ်နည်းကို အလွတ်မရတော. အကြုံအိုက်နေတာပေါ.
ဒါနဲ. အေးအေးငါပဲ ဘုရားကိုကပ်လိုက်ပါ.မယ် ငါ.ကို ဘုရားရဲ. မယ်တော်နဲ.ဇနီးရဲ.
နံမည်ကိုပြောခဲ.ပါပေါ. မိန်းမကပြောထားခဲ.တာပေါ.
အိမ်မှာ အတီးတစ်ယောက်ထဲဘဲ ကျန်ခဲ့တယ်။ မနက်ရောက်တော့ ထမင်းဟင်း
ကိုယ်တိုင်ချက်ပြုတ်တယ်။
ပြီးတော့ နေ့စဉ်လုပ်နေကျဖြစ်တဲ့ ဆွမ်းတော်ကပ်တဲ့အလုပ်ကို သူလုပ်ချင်တယ်။
ဒါပေမဲ့ ဆွမ်းတော်ကပ်နည်းကို သူအလွတ်မရဘူး။ အဲဒါမှ ဒုက္ခ။
အတီးတစ်ယောက် ဆွမ်းတော်ပန်းကန်ကို ပြင်ဆင်လိုက်တယ်။ ဆွမ်းနှင့်ဆွမ်းဟင်းကို
ကျကျနန ဆွမ်းတော်ပန်းကန်ထဲ တည့်လိုက်တယ်။
ပြီးတော့ ဘုရားရှေ့ သွားပြီး ဆွမ်းတော် ကပ်တယ်။
အတီးတစ်ယောက် ဘုရားရှေ့ မှာ ဘာတွေ ရွတ်ဆိုပြီး
ဆွမ်းတော်ကပ်သလဲ နားထောင်ကြည့်လိုက်ပါဦး။
“မယ်တော် မာယာ၏ ရင်သွေး
ယသော်ဓရာ၏ လင်ကလေး
ကတုံးလေးနဲ. ပြုံးပြုံးလေး
ဘုန်းပေးတော်မူပါဘုရားတဲ.”


စောင့်မယ်

“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “

“ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “

“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “

“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “


နာမှာစိုးလို့ပါ

သေဒဏ်ပေးခြင်းခံရသော အကျဉ်းသားတစ်ဦးအား အာဏာပါးကွက်သားက လည်ပင်းကို
ဓါးဖြင့်ခုတ်သတ်တော့မည့်ဆဲဆဲတွင် အကျဉ်းသားက သူ့လည်ပင်းကို ဓါးဖြင့်ခတ်လျှင်
အပေါ်ပိုင်းကိုသာ ခုတ်ပါရန် တောင်းပန်သည်။ အာဏာပါး ကွက်သားက “ဘာဖြစ်လို့လဲ”
ဟုမေးသည်။ အကျဉ်းသားကပြန်ဖြေလိုက်သည်မှာ “ကျွန်တော့်လည်ပင်းမှာ
အဖုကြီးတစ်ခုရှိတယ်၊ အဲဒီနေရာကို ခုတ်မိရင် သိပ်ပြီးနာမှာစိုးလို့ပါ”။

နောက်ဆုံးတွဲ

“ရထားစီးရင် နောက်ဆုံးတွဲကို မစီးနဲ့”
မီးရထားရုံပိုင်ကြီးက ခရီးသည်အား သတိပေးလိုက်သည်။
“တစ်ခုခုဖြစ်ရင် နောက်ဆုံးတွဲက စီးတဲ့သူတွေ အထိအခိုက်ပိုများတယ်”
ခရီးသည်က “ဒါဖြစ်ရင် ဘာဖြစ်လို့ နောက်ဆုံးတွဲကို ချိတ်ထားတာလဲ”
ယောက္ခမ မွေးနေ့လက်ဆောင်
လင်မယားနှစ်ယောက်သည် ဈေးဝယ်ထွက်လာကြသည်။
ဇနီး ။ ။ဒါလင်ရေ နက်ဖြန် မေမေ့မွေးနေ့လေ၊ ဘာလက်ဆောင်ဝယ်ပေးရင် ကောင်းမလဲ။ မေမေက
လျှပ်စစ်ပစ္စည်းဆို သိပ်ကြိုက်တယ်။
ယောက်ျား။ ။လျှပ်စစ်ကုလားထိုင် ၀ယ်ပေးလိုက်ပါလား။

.နှာဗူးပါဘု၇ား....

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ...ဥပမာ..
ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့
ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ...အဲလိုပါ..ဘာကြောင့်
ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ
မသိရပါဘူး....။

ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ
အကြောင်းလေး ပြောပြချင်လို့ပါ...ရွာနာမည်က ဂွေးကြီးရွာတဲ့..
ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော်
ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ...။

ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ
လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်
စရာ မလိုပဲ 'ဂွေးကြီးဆရာတော်' ရယ်လို့ နာမည်တွင်သွားတာပေါ့.

ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့
အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့..
မဖြစ်ချေဘူး...ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့
လုပ်မှပေါ့လေ..ဒါနဲ့ ကုသိုလ်ရလဲ နာမည်လဲ လှအောင် စေတီလေး
တစ်ဆူတည်မယ်ပေါ့..။

ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။

စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ
စည်သွားတော့တယ်..." ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်" တဲ့.

ဇာတ်က မပြီးသေးဘူးဗျ...
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး
မဲဖောက်လှူကြတာကိုး...။ အစီအစဉ်ကြေငြာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ
မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား.....
တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ...အလှည်
ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။

ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ...အစီအစဉ်
ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ်
" ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား"
ကဲ ...ကောင်းရော...ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး
လေ...ဘာကွ...လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်
ပြင်အော်တယ်...
နှာရှူဗူးမဲပေါက်တာပါဘုရား....တဲ့...။
ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ
လို့ ပြန်ကြွသွားလေတော့သတဲ့...။

Tuesday, October 04, 2011


Transformers Dark of the Moon (2011) 
Transformer 3 ရုပ်ရှင်ကားအသစ်လေးတင်ပေးလိုက်ပီဗျိုး။ High Definition နော်။English Subtitle လည်းပါတော့ပိုပီးအဆင်ပြေတာပေါ့။ ကျနော်ကတော့ Download လုပ်ပီးလို့အခုကြည့်နေပီ။ :) Download လုပ်ဖို့အပိုင်း ၆ ပိုင်းပါတယ်နော်



Thursday, September 15, 2011


Online (eg-Youtube) ပေါ်က file, movie, Song တွေကို download လုပ်ချင်ရင်တော့ Internet Download Manager ကမရှိမဖြစ်လိုအပ်ပါတယ်
Download Speed ကို ၅ဆ အထိ ပိုမိုမြန်ဆန် စေပီး resume support လုပ်ပေးတယ့်အတွက် အထူးကောင်းမွန်လှတယ့် downloader တစ်မျိုးဖြစ်ပါတယ်


Internet Download Manager (IDM) is a tool to increase download speeds by up to 5 times, resume and schedule downloads. Comprehensive error recovery and resume capability will restart broken or interrupted downloads due to lost connections, network problems, computer shutdowns, or unexpected power outage
s.

OR

PS: Download links are from Nyinaymin.org
မိမိရဲ့ကွန်ပြူတာကို ဒုံးပျံစီးနေရလားအောက်မေ့ရလောက်အောင် ဖြစ်ချင်သူများအတွက်...
ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရည်ကို ပြည့်ပြည့်၀၀ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ဆိုရင် Tuneup Utilities 2011 က အကောင်းဆုံးလို့ဆိုပါတယ်

Your PC in top shape:

with TuneUp Utilities™ 2011

  • Takes care of complete maintenance of your PC
  • Provides peak performance for Windows®, programs, and games
  • Includes more than 30 very clever tools
 Click Here To Download
        OR
 Click Here to Download


အောက်ကဟာကတော့ register လုပ်ဖို့အတွက်ပါ


Name: Any (eg-ur name)

Organization: Any (eg ABCDEFG)

Serial Number: J250BQ-JV7CKD-57MEQ9-TNQY37-T227VK-NNKJ0F

Tuesday, June 08, 2010

အင်္ဂလိပ်စာတိုးတက်ချင်လို့  ၊ ပျင်းလို့
စတဲ့အကြောင်းအရာတွေကြောင့်ဘဲဖြစ်ဖြစ်.......
မသိသေးလို့ စမ်းကြည့်ချင်တာဘဲ
ဖြစ်ဖြစ်.....စက်ရုပ်နဲ့  အင်္ဂလိပ်လိုစကားပြောလို့ရပါတယ်...

Online မှာ
သူငယ်ချင်းတွေမလာလို့၊
ပျင်းပြီးစကားပြောစရာမှရှိရင်.....စက်ရုပ်နဲ့ စကားပြောနိုင်ပါတယ်၊

ဟာသတွေကို ပြောတတ်သလို
ကိုယ် မနေ့ ကသူနဲ့  စကားပြောခဲ့ရင် နောက်နေ့သူကို
ပြန်မေးရင်သူကသိနေတယ်..တော်တော်ကိုပျော်စရာကောင်းပြီး
အင်္ဂလိပ်စာတိုးတက်ဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်....
ပျော်စရာကောင်းပြီ သူတို့ ရဲ့  မျက်နှာပေါ်မှာ mouse ကိုတင်ပြီးရွေ့ရင်လဲ
လိုက်ကြည့်တတ်ပါတယ်....

ပြောနေတာကြာပါတယ်.....လက်တွေ့အောက်က လင့်လေးမှာသွားကြည့်နော်..


P.S: ကိုယ်ပြောချင်တယ့်စကားကို You Say ဆိုတယ့် box မှာပြောရမှာဖြစ်ပါတယ်
Ref: Gtuonlinefriends.ning.com